ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်ဈေးကွက်ကျဆင်းနေသော်လည်း လျှပ်စစ်မော်တော်ယာဉ်ရောင်းအားကိုမြှင့်တင်ရန် တရုတ်လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူ Omoda & Jaecoo(Thailand)က ငွေကြေးပိုမိုသုံးစွဲထားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်အစိုးရပိုင် Cherry Automobile ၏လက်ခွဲဖြစ်သော Omoda & Jaecoo သည် ယခုနှစ် စတုတ္ထ ၃ လပတ်တွင် စတင်လည်ပတ်ရန် လျာထားသော ရယောင်းတွင် လျှပ်စစ်သုံးမော်တော်ယာဉ်ဘက်ထရီစက်ရုံဆောက်လုပ်ရန် ဘတ် ၅ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း အစောပိုင်းကာလများက ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုငွေကိုလျှော့ချရန်အစီအစဉ်မရှိဘဲ ရောင်းအားမြှင့်တင်ရန် ဘတ် ဂျက်ပမာဏကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ်စက်မှုရှိယှဉ်ပြိုင်မှုသည် ခိုင်မာလျက်ရှိရာ ပြိုင်ဖက်လျှပ်စစ်သုံးမော်တော်ယာဉ်ကုမ္ပဏီများနှင့်ပိုမိုယှဉ်ပြိုင်ရန် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုများလိုအပ်ပါကြောင်း၊ တရုတ်မော်တော်ယာဉ်ကုမ္ပဏီများ သည် ဈေးနှုန်းဗျူဟာနှင့် တံဆိပ်ဗျူဟာများတွင် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုများအတွက် ငွေကြေးသုံးစွဲကြပါကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Qi Jie က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင်း အိမ်ထောင်စုကြွေးမြီးမြင့်တက်သောကြောင့် မော်တော် ယာဉ်ဝယ်ယူသူများအတွက် ဘဏ်များမှချေးငွေနည်းပါးလာမှုနှင့် မော် တော်ယာဉ်ရန်ပုံငွေထုတ်ပေးသည့် ကုမ္ပဏီများက အချိန်စေ့လွန်ချေးငွေ များဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိရာ ယင်းသက်ရောက်မှုများကို Omoda & Jaecoo နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်ကုမ္ပဏီများသည် ကြုံတွေ့နေရပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လျှပ်စစ်သုံးမော်တော်ယာဉ်တပ်ဆင်မှုတွင် ပြည်တွင်းထုတ်အစိတ် အပိုင်းများအသုံးပြုမှုကို မြှင့်တင်ရန် တွန်းအားပေးဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ ပူပန်မှုမရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ပြည်တွင်းထုတ်ပါဝင်မှု ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိမြှင့်တင်ရန် လျာထားပါကြောင်း၊ ကုမ္ပဏီသည် ယခုနှစ် နှစ်ဝက်အတွင်း အရောင်းပြခန်း ၄၂ ခုထိဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆုံးပိုင်းတွင် ပြခန်း ၇၀ ခုထိတိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်အစီးရေ ၁,၀၀၀ စီးရောင်းချထားပြီးဖြစ်ကြောင်း Mr. Qi က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)