ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၅ လအတွင်း ကော်ဖီတန်ချိန် ၈၂၃,၉၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံကျော်တန်ဖိုးရှိကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏အဆိုအရ သိရှိရပါသည်။
ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် ၀.၈ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအား ဖြင့် ၆၅.၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ မေလတစ်လတည်းတွင် ပြည်ပသို့ တင်ပို့ခဲ့သည် ကော်ဖီတန်ချိန်စုစုပေါင်း ၁၄၉,၀၀၀ နီးပါးရှိပြီး အမေရိကန်ဒေါ်လာ ၈၆၀ သန်းရရှိခဲ့ကြောင်း၊ ပမာဏအားဖြင့် ၆၀.၅ ရာခိုင်နှုန်းနှင့် တစ်နှစ်ထက်တစ်နှစ် တန်ဖိုးအားဖြင့် ၂.၂ ရာခိုင်နှုန်းတိုးမြှင့်လာကြောင်း သိရှိရပါ သည်။
ပို့ကုန်ဈေးနှုန်းများသည် ၅ လ တာကာလအတွင်း တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းအမေရိကန်ဒေါ်လာ ၅,၇၀၉ ရှိပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၄.၃ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။
ဂျာမနီသည် တန်ချိန် ၁၃၇,၈၀၀ တန်ကျော်ဖြင့် အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၇၆၅.၁၁ သန်းတန်ဖိုးရှိကာ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၆.၇ ရာခိုင်နှုန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၆.၃ ရာခိုင်နှုန်းရှိကြောင်းသိရှိရပါ သည်။ ၎င်းနောက်တွင် အီတလီမှ ၆၉,၆၄၃ တန်တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၁.၉၃ သန်းတန်ဖိုးရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)