Local News

မုံရွာမြို့တွင် သီပေါနာနတ်သီးများ စတင်ဝင်ရောက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဇွန်လနောက်ဆုံးပတ်တွင် သီပေါနာနတ်သီးများ စတင်ဝင်ရောက်နေကြောင်း သိရှိရပါ သည်။ သီပေါနာနတ်သီးများမှာ မုံရွာမြို့တွင်သာမက စစ်ကိုင်း၊ ရွှေဘို၊ ချောင်းဦး၊ ဘုတလင် စသည့်မြို့များတွင်လည်း စတင်ဝင်ရောက်နေကြောင်းသိရပါသည်။

မုံရွာမြို့သို့ တစ်ရက်လျှင် နာနတ်သီး ကား  ၃  စီးမှ  ၅ စီးအထိ ဝင်ရောက်နေပြီး တစ်စီးလျှင် နာနတ်သီး အလုံးရေ ၅၀၀၀ ကျော် ပါရှိကြောင်းသိရပါသည်။ နာနတ်သီး ဈေးနှုန်းများမှာ တစ်လုံးခြင်းအနေဖြင့် အလုံးကြီး တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အလတ် တစ်လုံးလျှင်  ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ၊ အသေးတစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ အသီးသီး ရှိနေပြီး  နိုင်ငံခြားဝယ်လက်ရှိနေသော နာနတ်သီးများ ဈေးကောင်းရရှိနေပါသည်။ ရင်ကိုအေးမြစေသော နာနတ်သီး သည် ကိုလက်စထရောပါဝင်မှုနည်းပါးပြီး လူသားတို့ ကျန်မာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္ထုဓာတ် တို့စုပေါင်းပါဝင်နေပါသည်။ ထို့ကြောင့် ချိုမွှေးအရသာရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးများလှသော ရာသီစာ နာနတ်သီးများကို တစ်ဝကြီးစားသုံးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News