ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၅ လအတွင်း ဆန်တန်ချိန် ၄.၅ သန်းခန့်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယံရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအဆိုအရ သိရှိရပါသည်။
ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် ၁၂.၂ ရာခိုင်နှုန်းတိုးမြင့်လာသော်လည်း တန်ဖိုးအားဖြင့် ၈.၉ ရာခိုင်နှုန်းကျဆင်းသွားသည်။ ပို့ကုန်ဈေးနှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၆.၄ ဝန်းကျင်သို့ သိသိသာသာကျဆင်းသွားသည့်အတွက် ရာခိုင်နှုန်းအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၈.၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။
မေလတစ်လတည်းတွင် ဆန်တန်ချိန် ၁.၁ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၇၃.၁ သန်းဖိုးရှိကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၅ လတာကာလအတွင်း ဗီယက်နမ်ဆန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၄၁.၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ကြောင်းရေးသားဖော်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန် တန်ချိန် ၇.၉ သန်းတင်ပို့ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)