အမေရိကန်သမ္မတထရမ့်က “ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၃၅(World Expo 2035)ကို အမေရိကန်နိုင်ငံ၌ လက်ခံကျင်းပခွင့်ရရှိရေးယှဉ်ပြိုင်သွားရန် ရည်ရွယ်ချက်ရှိသည်ဟု ကြေညာကြောင်း၊ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က ယင်းကမ္ဘာ့ကုန်စည် ပြပွဲ ၂၀၃၅ ကိုလက်ခံကျင်းပရန်စိတ်ဝင်စားပြီး ယင်းသို့ကျင်းပခွင့်ရပါက အမေရိကန်နိုင်ငံရွှေခေတ်၏ မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဖလော်ရီဒါပြည် နယ်၊ မိုင်ယာမီမြို့ဇာတိ နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုအား ယင်းကုန်စည်ပြပွဲနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန်ခန့်အပ်ကြောင်း၊ ကုန်စည်ပြပွဲကျင်းပခြင်းကြောင့် အမေရိကန်နိုင်ငံ၌ အလုပ်အကိုင်များဖန်တီးနိုင်မည်ဖြစ်ကာ စီးပွားရေးတိုးတက်မှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်ပေါင်းနိုင်မည်ဖြစ်ကြောင်း၊ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပွဲ(2026 FIFA World Cup)နှင့် ၂၀၂၈ ခုနှစ်၊ လော့စ်အိန်ဂျယ်လစ်နွေရာသီအိုလံပစ်ပြိုင်ပွဲ(2028 LA Summer Olympics)တို့ကို အမေရိကန်နိုင်ငံ၌ ကျင်းပခွင့်ရရှိရေး ကြိုးပမ်းခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ (၄၇)ဦးမြောက်သမ္မတအဖြစ် အမေရိကန်နိုင်ငံ နှစ် (၂၅၀)ပြည့်အထိမ်းအမှတ်(America 250) အခမ်းအနား၊ ဂျီ-၂၀ (G20 Doral) နှင့် ဂျီ-၇ (G7) အစည်းအဝေးတို့ကို လက်ခံကျင်းပခွင့်ရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း” ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြခဲ့ပါ သည်။
https://truthsocial.com/@realDonaldTrump/posts/115940444095244586
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)