International News

အမေရိကန်နိုင်ငံက Greenland အပေါ် ထိန်းချုပ်လိုမှုနှင့်ပတ်သက်၍ ဥရောပနိုင်ငံများအပေါ် ချမှတ်မည့် သွင်းကုန်ခွန်ကောက်ခံတော့မည်မဟုတ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတထရမ့်သည် Greenland အပေါ် ထိန်းချုပ်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံများမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့်သွင်းကုန်များအပေါ်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “Truth Social” ၌ရေးသားဖော်ပြခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၂၁ ရက်တွင် “နေတိုး(NATO)အတွင်းရေးမှူးချုပ် Mark Rutte နှင့်တွေ့ဆုံဆွေးနွေးမှုအရ Green land အပါအဝင် အာတိတ်ဒေသတစ်ခုလုံးနှင့်ပတ်သက်သည့်အပေးအယူမူဘောင်ကိုပြုလုပ်ခဲ့ကြောင်း၊ ဤဆွေးနွေးမှုရလဒ်သည် အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံအားလုံးအတွက် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းသို့နားလည်မှု ရရှိသည့်အပေါ်အခြေခံ၍ ဥရောပနိုင်ငံများအပေါ် ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်တွင်စတင်ကောက်ခံမည့် သွင်းကုန်ခွန်ကိုကောက်ခံတော့မည်မဟုတ် ကြောင်း၊ Greenland နှင့်ပတ်သက်သည့် Golden Dome ကိစ္စကိုလည်း ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးမှု၏တိုးတက်ဖြစ်ပေါ်မှုများနှင့်ပတ်သက်သည့်အချက် အလက်များကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း၊အမေရိကန်နိုင်ငံမှ ဒုတိယသမ္မတဂျေ၊ ဒီ၊ ဗင့်စ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အထူးကိုယ်စားလှယ်တို့က ယင်းကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန်တာဝန်ပေးထားကြောင်း” ဖြင့် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ထပ်မံရေးသား ဖော်ပြခဲ့ပါသည်။

https://truthsocial.com/@realDonaldTrump/posts/115934734335579278

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News