International News

ဆော်ဒီအာရေဗျနိုင်ငံက အမေရိကန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံမည်ဖြစ်

Last Updated:

ဆော်ဒီအာရေဗျနိုင်ငံ၊ အိမ်ရှေ့စံမင်းသား၏ အမေရိကန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုကတိကဝတ်ကို အမေရိကန်ဒေါ်လာ(၆၀၀)ဘီလီယံမှ အမေရိကန်ဒေါ်လာ(၁)ထရီလီယံသို့ တိုးမြှင့်ရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ လက်ရှိတွင် ရေနံဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ကတိပြုသည့် ရင်းနှီးမြှုပ်နှံမှုပမာဏအတိုင်း အကောင်အထည်ဖော်နိုင်မည့်အခြေအနေနှင့်ပတ်သက်၍ အိမ်ရှေ့စံမင်းသားက  ကွန်ပျူတာချစ်ပ်နှင့်ပတ်သက်သည့် အပေးအယူသဘောတူညီချက်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ကိုက်ညီမှုရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: AP News

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News