International News

ထိုင်းနိုင်ငံ၊ အစိုးရသည် ရာသီချိန်လွန်ဆန်စပါးအတွက် အထောက်အပံ့ ပေးရန် ဘတ် ၇ ဘီလီယံလျာထား

Last Updated:

ထိုင်းနိုင်ငံ၌ တောင်သူများ ဓာတ်မြေဩဇာများရရှိနိုင်စေရန်နှင့် ရာသီချိန်လွန်စပါးစိုက်တောင်သူများကို ထောက်ပံ့ပေးရန်အတွက် အစိုးရက ဘတ် ၇ ဘီလီယံကျော်လျာထားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ရာသီချိန်လွန်စပါးစိုက်ပျိုးသည့် တောင်သူများအတွက် မှတ်ပုံတင်ခြင်းသည် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး လယ်ယာ ၁ ရိုင်လျှင် ဘတ် ၁,၀၀၀ နှင့် အများဆုံးလယ်ယာ ၁၀ ရိုင်၏ ဘဏ္ဍာငွေထောက်ပံ့ပေးရန်အတွက် မှတ်ပုံတင်ထားသည့် တောင်သူ ၈၂၀,၀၀၀ ဦးရှိပြီး လယ်ယာရိုင် ၁၁ သန်းရှိကြောင်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာနက အတည်ပြုပြီးပါက အဆိုပြုလွှာကို နိုင်ငံအဆင့်ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသော တောင်သူများအားလုံး ငွေကြေးထောက်ပံ့မှုရရှိမည်ဖြစ် ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာနတို့ပူးပေါင်း၍ “ဓာတ်မြေ ဩဇာရရှိနိုင်ရေးအစီအစဉ် ၂၀၂၅” ကို မေလ ၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

ကနဦးအနေဖြင့် မတူညီသောဖော်မြူလာ ၇၉မျိုးကျော်ရှိသောဓာတ်မြေ ဩဇာ ၁ အိတ်လျှင် ၅၀ ဘတ်ထိလျှော့ဈေးပေးခဲ့ပြီး အိတ်ရေ ၁၀.၁ သန်းကို နိုင်ငံတစ်ဝှမ်းရှိရောင်းချသူ ၂၅ ဦးထံမှ စက်တင်ဘာလ ၃၀ ရက်နေ့ဝယ်ယူရရှိနိုင်ကြောင်း၊ တောင်သူများသည် သမဝါယမ၊ ကျေးလက်အဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများမှတစ်ဆင့် မှာယူခြင်း သို့မဟုတ် အစီအစဉ်တွင်ပါဝင်သည့် စက်ရုံများထံမှ တိုက်ရိုက်ဝယ်ယူခြင်းတို့ဆောင်ရွက်နိုင်ပြီး ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့် ပြည်နယ်စိုက်ပျိုး‌ရေးရုံးများတွင် ဖော်ပြထားသည့်ဈေး နှုန်းဖြင့်ဖြစ်ကြောင်း သိရှိရပါသည်။

ဓာတ်မြေဩဇာအတွက် ကုန်ကြမ်းများကို အရှေ့အလယ်ပိုင်းနှင့်ဥ‌ရောပမှဝယ်ယူတင်သွင်းခြင်းဖြစ်သောကြောင့် ဈေးနှုန်းများကို နောက် ကြောင်းလိုက်နေခြင်းဖြစ်ကြောင်း၊ ဓာတ်မြေဩဇာဈေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ်တည်ငြိမ်လျက်ရှိပြီး လာမည့် ၃ လအတွင်း ဈေးနှုန်းတည်ငြိမ်စေရေး ထိုင်းဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးသွင်းအားစုအသင်း က စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် ဓာတ်မြေဩဇာ တင်သွင်းမှုတည်ငြိမ်စေရေးနှင့် ဝယ်ယူနိုင်သောဈေးနှုန်းဖြစ်စေရေး လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များကို အသုံးချလျက်ရှိကြောင်း အသင်းဥက္ကဋ္ဌ Mr. Plengsakdi Prakaspesat က ပြောကြားခဲ့သည်။  

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News