ဟောင်ကောင်ဒေသတွင်း၌ new smart ထုတ်လုပ်မှုများတည်ထောင်နိုင်ရန် ကုန်ထုတ်လုပ်ငန်းရှင်များကို ထောက်ပံ့ပေးရေးအတွက် တည် ထောင်ထားသည့် New Industrialisation Funding Scheme(NIFS) အစီအစဉ်အား အဆင့်မြှင့်တင်လိုက်ကြောင်း ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု “Industrialisation scheme enhanced” ခေါင်းစဉ်ဖြင့်ထုတ်ပြန်ခဲ့သည့် ဟောင်ကောင်ဒေသအစိုးရ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Smart manufacturing အသုံးပြုပြီး ဈေးကွက်အခွင့်အလမ်းများရယူနိုင်ရေးအတွက် လုပ်ငန်းများကို ပိုမိုအထောက်အပံ့ပေးနိုင်ရန်ရည်ရွယ် ၍ ယခုကဲ့သို့ NIAS အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး၊ အဆိုပါအဆင့်မြှင့်တင်မှုတွင် ရန်ပုံငွေလျှောက်ထားမှုများကို အတည်ပြုသည့်လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေမည့် ကောင်းမွန်သောလုပ်ထုံးလုပ်နည်းများပါဝင်ပါသည်။ ဟောင်ကောင်ဒေါ်လာ ၂.၈ သန်းထက်မကျော်သည့် ရန်ပုံငွေလျှောက် ထားမှုများ များပြားလာခြင်းကြောင့် ကော်မရှင်အနေဖြင့် အဆိုပါလျှောက်ထားမှုများကို ပိုမိုကောင်းမွန်သော လုပ်ထုံးလုပ်နည်းသစ်များအရ အတည်ပြုရေးလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ဟောင်ကောင်ဒေသအစိုးရအနေဖြင့် New Industrialisation Acceleration Scheme(NIAS) နှင့် New Industrialisation Funding Scheme(NIFS)တို့ဖြင့် စီးပွားရေးတွန်းအားသစ်ထည့်သွင်းခြင်းဖြင့် စက်မှုထွန်းကားမှုအသစ်ဖွံ့ဖြိုးတိုးတက်ရေးကို တက်တက်ကြွကြွမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စက်မှု လုပ်ငန်းဝန်ကြီး Prof Sun Dong က ပြောကြားခဲ့ပါသည်။
လုပ်ငန်းများအနေဖြင့် အဆိုပါရန်ပုံငွေထောက်ပံ့ရေးအစီအစဉ်ကို အသုံးပြု၍ ဟောင်ကောင်ဒေသ၌ Smart manufacturing အခြေခံအဆောက်အဦများထူထောင်ပြီး သက်ဆိုင်ရာနည်းပညာနှင့် ကုန်ထုတ် လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများယူဆောင်လာနိုင်ခြင်းကြောင့် ဒေသ၏ စက်မှုထူထောင်ရေး ပုံစံသစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပုံစံခွဲဖြာမှုအတွက် တွန်းအားဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။
New Industrialisation Acceleration Scheme(NIAS)ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ပြီး နေထိုင်မှုနှင့် ကျန်းမာရေးနည်းပညာ၊ ဉာဏ်ရည်တုနှင့် data science ၊အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင် သစ်နည်းပညာများကဲ့သို့ မဟာဗျူဟာမြောက်အရေးပါသည့် လုပ်ငန်း နယ်ပယ်များတွင် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန်ရည်ရွယ်ထားကြောင်း ရေးသားဖော်ပြထားပါသည်။
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)