ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၉.၂.၂၀၂၄)ရက်နေ့တွင် ဧည့်မထ ဆန်(မနောသုခ) တစ်အိတ်လျှင် (၈၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ် လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၆၂၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၆.၂.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၈၈၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၆၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပြီး ဆန်ကွဲ (1,2) တစ်အိတ် လျှင် (၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၆၀ဝိ/-) ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပါသည်။ ဆန်ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းခြင်း၊ စပါးဈေး မြင့်တက်လာခြင်းကြောင့် ဆန်ဈေးအနည်းငယ် မြင့်တက်လာပြီး ဆန်ကွဲ၊ ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လက်များအဝယ်မလိုက်၍ ဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး