Local News

ဧည့်မထဆန်(ဟောင်း) ဈေးကျဆင်း၍ ဧည့်မထဆန်(သစ်)နှင့် ပေါ်ဆန်းမွှေးဆန် ဈေးများ မြင့်တက်ကာ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4) နှင့် ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၁.၁၁.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ် အိတ် ၆၈၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၆၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၀၀၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၈.၁၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

ယခုတစ်ပတ်နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၃၀၀၀ကျပ် ဈေး ကျ၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၀၀၀ကျပ်နှင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀ဝ ကျပ် ဈေးမြင့်တက်ကာ ဆန်ကွဲB(1,2)၊  ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများတည်ငြိမ် လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျ ဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)နှင့်ပေါ်ဆန်းမွှေးဆန် ဈေးများမြင့်တက်သွားခြင်း မှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည် ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News