Local News

ပေါ်ဆန်းမွှေး(သစ်)၊ ဧည့်မထ(မနောသုခ(သစ်)နှင့် ဆန်ကွဲB(1,2)ဈေးများတက်ပြီး ဖွဲနုဈေးများကျဆင်းကာ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဧည့်မထ(မနောသုခ(ဟောင်း)နှင့် ဆန်ကွဲ B(2,3,4)ဈေးများ တည်ငြိမ်လျှက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၁၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၀၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈၀ဝ၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၂၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ (၉.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၁၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀ဝကျပ်၊  ဧည့်မထ ဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀ဝကျပ်နှင့် ဆန်ကွဲB(1,2)တစ်အိတ် ၁၀၀ဝကျပ်ဈေးများမြင့်တက်ပြီး ဖွဲနုတစ်အိတ် ၁၂၀၀ကျပ်ဈေးကျကာ  ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့်    ဆန်ကွဲB(2,3,4)ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဧည့်မထဆန်(မနောသုခ)(သစ်) နှင့်ဆန်ကွဲB(1,2)ဈေးများမြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့်ဖြစ်ပြီး ဖွဲနုဈေးများကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။   

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News