Local News

ဆန်ကွဲဈေးကျဆင်း၍ ဧည့်မထဆန်ဈေးမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၈.၇.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၇၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၄.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀၀ကျပ်နှင့် ဆန်ကွဲ B(2,3,4) တစ်အိတ် ၃၀၀ဝ ကျပ်ဈေးများကျ၍ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၁၀၀၀၀ ကျပ်နှင့် ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ကျပ်ဖြင့် ဈေးများ မြင့်တက်ကာ  ပေါ်ဆန်းမွှေးဆန်နှင့်ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေး များ ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဧည့်မထဆန် (မနောသုခ) (သစ်) ဈေးများမြင့်တက်သွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News