Local News

တဖြည်းဖြည်းစျေးကျလာတဲ့ ကြက်သွန်နီ

Last Updated:

မကွေးတိုင်းဒေသကြီးရှိ ကြက်သွန်နီအရောင်းအဝယ်ပြုလုပ်သည့် ဆိပ်ဖြူကုန်စည်ဒိုင်သို့ အနီးအနားရှိ ကြက်သွန်ထွက်ရှိရာဒေသများမှ လာရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်တွင် မရှိမဖြစ်သီးနှံဖြစ်ပါသည်။ ကြက်သွန်နီသည် သိုလှောင်ရာတွင် ပုတ်သိုးလွယ်၍ စနစ်တကျလေဝင်လေထွက်ကောင်းမွန်သော အဆောက်အဦတွင် သိုလှောင်ကြရ သည်။ ပြည်ပဝယ်လိုအားရှိပါက ကြက်သွန်နီစျေးကောင်းရရှိသော်လည်း ပြည်တွင်းစားသုံးမှုများ သည့်သီးနှံဖြစ်၍ ပြည်တွင်းဝယ်လိုအားလည်း ပုံမှန်ရှိနေပါသည်။

ကြက်သွန်နီကို Value Addedအနေဖြင့် ကြက်သွန်နီခြောက်၊ ကြက်သွန်နီကြော်များကို ထုတ်လုပ်ပြီး ပါကင်အိတ်များဖြင့် ကြာရှည်အထားခံရန်နှင့် အိမ်ရှင်မများ အလွယ်တကူအသုံးပြုနိုင် ရန်တို့အတွက် ပြည်တွင်းစျေးကွက်တွင်မက ပြည်ပစျေးကွက်တွင်ပါ တင်ပို့ရောင်းချရန် ဆောင်ရွက် လျှက်ရှိပါသည်။

ကြက်သွန်နီစျေးနှုန်းများမှာ မိုးကြက်သွန်ပေါ်စတွင် စျေးကောင်းရနေပြီး နောက်ပိုင်းတွင် စျေးအနည်းငယ်ကျဆင်းလာသည်။ ပေါ်စတွင် ကြက်သွန်နီတစ်ပိသာလျှင် ကျပ်(၂၅၀၀)ကျော် စျေးအထိရရှိပြီး ယခုအချိန်တွင် ကြက်သွန်နီတစ်ပိသာလျှင် ကျပ်(၂၀၀၀)ကျော်သာ စျေးရရှိ၍ စျေးအနည်းငယ် ကျဆင်းနေပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News