International News

၂၀၂၂ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များဖိုရမ်ကျင်းပ

Last Updated:

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဗွီဒီယို အမှာစကားပေးပို့ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များဖိုရမ်ကို “ Galvanize Impetus for Development and Strive to build a more Integrated Prosperous, sustainable and inclusive Subregion” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စက်မှုဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်၊ ဒီဂျစ်တယ်စီးပွားရေး၊ ကုန်သွယ်မှုချောမွေ့စေရေးနှင့် ဒေသတွင်းပေါင်းစည်းရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ဝန်ကြီးချုပ်များတက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စားတက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် UMFCCI နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ပြီး စက်မှုဆိုင်ရာထုတ်လုပ်မှုကွင်းဆက်၊ ဒီဂျစ်တယ်စီးပွားရေး၊ ကုန်သွယ်မှုချောမွေ့စေရေးနှင့် ဒေသတွင်းပေါင်းစည်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Category: International News