ဈေးကွက်ဈေးနှုန်း

မြန်မာကော်ဖီပွဲတော်၂၀၁၉ (Myanmar Coffee Fair 2019)ကျင်းပမည်

Last Updated:

မြန်မာ့ကော်ဖီ အရည်အသွေးမြှင့်တင်ရန်နှင့် ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်းတို့ပူးပေါင်း၍ မြန်မာကော်ဖီပွဲတော်၂၀၁၉ (Myanmar Coffee Fair 2019) ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၌ မန္တလေးမြို့၊ ၆၈ လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ မန္တလာသီရိအားကစားကွင်းMultipurpose Stadium အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာကော်ဖီပွဲတော်ကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီထုတ်လုပ်သူများ၊ ကော်ဖီလုပ်ငန်း လုပ်ကိုင်သူများ၊  ကော်ဖီလုပ်ငန်းသွင်းအားစု လုပ်ကိုင်သူများ၊ မုန့်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် သူများ၊ ကော်ဖီချစ်သူများဖြင့် ဖျော်ဖြေရေးအစီအစဉ်များနှင့်တကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ၆.၁၀.၂၀၁၉ ရက် နံနက် ၁၀ နာရီတွင် ဆိုင်ခန်းများ ကြိုတင်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး၊  ၇.၁၀.၂၀၁၉ ရက် နံနက် ၈ နာရီတွင် ဖွင့်ပွဲအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ အသေးစိတ်အချက်အလက်များကို ဒေါ်စိုးစိုးမွန် ၊ အထွေထွေမန်နေဂျာ မြန်မာနိုင်ငံကော်ဖီအသင်း ဖုန်းနံပါတ်- ဝ၉ ၄၃၀ ၉၅၆၆၂၊ ဝ၉ ၉၆၄၀ ၁၀ဝ၆၉ တို့သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါသည်။