Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

စက်တင်ဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေ သည့် လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ထောပတ်ပဲနှင့် ပုဂံပဲဈေးငြိမ်၍  ဂျုံဖြူသန့်၊ ပဲကြီး၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲယင်းဝါ၊ မြေထောက်ပဲ၊ ပြောင်းနီ၊ CP ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929၊ ကုလားပဲ ထိုင်ဝမ်နှင့် ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ် တင်း ပေါက်ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၇၁၀၀၀ ကျပ်၊  ပဲကြီး ၉၁၅၀၀ ကျပ်၊ မတ်ပဲ ၁၂၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၈၁၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၇၀၀၀၀ ကျပ်၊  ပဲစင်းငုံ ၁၅၅၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၇၈၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၀၀၀၀ ကျပ်၊ ပဲပုပ်စေ့ ၁၄၃၅၀၀ကျပ်၊ ပုဂံပဲ ၁၃၀၀၀၀ကျပ်၊ မြေထောက်ပဲ ၇၅၀၀၀-၁၀၄၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၃၀၀၀၀ ကျပ်၊ ပြောင်းနီ ၂၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၁၀၄၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၁၁၄၅၀၀ ကျပ်၊  ကုလားပဲ 929 ၉၈၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၈၀၀၀ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများ မှာ ဂျုံဖြူသန့် ၇၀၀၀၀ ကျပ်၊ ပဲကြီး ၈၈၀၀၀-၉၀၀၀၀ ကျပ်၊ မတ်ပဲ ၁၁၅၀၀၀- ၁၁၆၀၀၀ကျပ်၊ ပဲတီစိမ်းကြီး  ၇၅၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၇၀၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၅၂၀၀၀ ကျပ်၊ ပဲနီလုံး ရိုးရိုး  ၇၈၀၀၀-၈၃၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၉၇၀၀၀-၉၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၀၀၀၀ ကျပ်၊ ပဲပုပ်စေ့ ၁၃၂၀၀၀ကျပ်၊ ပုဂံပဲ ၁၃၀၀၀၀ကျပ်၊ မြေထောက်ပဲ ၇၅၀၀၀-၁၀၅၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၃၀၀၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀ ကျပ်၊ ၊ ကုလားပဲ ဖြူလုံးကြီး  ၁၀၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၁၁၁၀၀၀ ကျပ်၊ ကုလားပဲ 929 ၉၆၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၆၅၀၀ ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်း လျှင် ၁၀၀၀ ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၁၅၀၀ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၄၀၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင်၆၀၀၀ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် ၃၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၅၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင်၂၀၀၀ကျပ်၊ မြေထောက်ပဲ တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ပြောင်းနီ တစ်တင်းလျှင်၂၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်၂၀၀၀ကျပ်၊ ကုလားပဲဖြူလုံး သေး တစ်တင်းလျှင် ၃၅၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်း လျှင် ၁၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း လျှင် ၁၅၀၀ကျပ်နှင့် ပဲပုပ်စေ့တစ်တင်းလျှင် ၁၁၅၀၀ကျပ်နှုန်း မြှင့်တက်နေကြောင်း သိရသည်။       

source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News