Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၆-၉-၂၀၂၄ မှ ၂၀-၉-၂၀၂၄) ရက်အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃,၉၀၀,၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၄,၃၁၀,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄,၇၅၀,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၈၃,၀၀၀ ၊  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၅၅,၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၂၅,၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀)လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀)ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၆၅၀၀၊ မြားနီ ကျပ် ၆၀၀၀၊ ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀,၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၇၀၀ (၁၄,၀၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၇၀၀ (၁၄,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၆၈၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းအသား (သစ်) ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာ မလိုင်(ဒုံး) ကျပ် ၆၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၀၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၄၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာ မလိုင်(ဒုံး) ကျပ် ၁၀၀၊  ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၂၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၆၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၅၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၂၆၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၂၄၀၀၊ မြင်းခြံလတ်သန့် ကျပ် ၂၁၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၁၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး  မြင်းခြံလတ်ကြီး  နှင့် မြင်းခြံလတ်သန့်မှာ ကျပ် ၁၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၁ စီး(၇၂၆,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကားစီးရေ ၁၁၀ စီး (၆၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၁ စီး (၆၆,၀၀၀ ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၈,၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၀,၀၀၀ အောင်ပန်းထူး-၃ ကျပ် ၁၁,၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၁,၈၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၂,၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂  ကျပ် ၃၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၇၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၁၆၀၀ (၄၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၇၀၀ (၅၁,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်  ကြက်သွန်ဖြူ အိတ်  ၁၀၀ (၃,၀၀၀ ပိဿာ)ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News