International News

တရုတ်လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုအပေါ် အစိုးရ၏အထောက်အပံ့ပေးမှုများအား အီးယူမှ စုံစမ်းစစ်ဆေး လာခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေကြောင်း တရုတ်ပြောကြား

Last Updated:

တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုအပေါ် အစိုးရအထောက်အပံ့ပေးမှုများအား အီးယူမှ စုံစမ်းစစ်ဆေးလာခြင်းသည် တရားမျှတမှုမရှိကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်ကြီး Fu Cong က Bloomberyg သတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံအနေနှင့် နှစ်နိုင်ငံကုန်သွယ်မှုနည်းလမ်းများကို ဖြေရှင်းရသည့် အခြေအနေအထိ မဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အီးယူနိုင်ငံကလည်း ၎င်း၏ ကုမ္ပဏီများကို အထောက်အပံ့ပေးမှုများရှိပြီး တရုတ်နိုင်ငံအနေဖြင့် အီးယူဆောင်ရွက်သကဲ့သို့ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ကိစ္စများစွာရှိကြောင်း ပြောကြားခဲ့သည်။ ဥရောပကော်မရှင်သည် ဥရောပထုတ်လုပ်သူများအား အကာအကွယ်ပေးရန် ပိုမိုဈေးနှုန်းချိုသာသော တရုတ်လျှပ်စစ် မော်တော်ကားသွင်းကုန်များအပေါ် ဒဏ်ကြေးအဖြစ် အကောက်ခွန်ပေးဆောငစေရန်အတွက် အစိုးရမှအထောက်အပံ့ ရယူထားသည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းမှုများကို ပြီးခဲ့သည့်နှစ်မှစ၍ ဆောင်ရွက်ခဲ့ပါသည်။

ဥရောပကော်မရှင်မှ စုံစမ်းစစ်ဆေးသူများသည် တရုတ်လျှပ်စစ်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည် BYD ၊ Geely နှင့် SAIC တို့ကို မကြာမီကာလအတွင်း သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနကလည်း ယခုလဆန်းပိုင်းက ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် အီးယူနိုင်ငံကြားဆက်ဆံရေးသည် ရုရှား-ယူကရိန်းအရေးအခင်းပြီးနောက် တင်းမာခဲ့ပြီး အီးယူနိုင်ငံသည် ၎င်း၏အစိမ်းရောင် ကူးပြောင်းမှုဖြစ်စဉ်အတွက် ကုန်စည်နှင့်ထုတ်ကုန်များအား ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးဖြစ်သည့် တရုတ်နိုင်ငံမှလျှော့ချ ဝယ်ယူရေးဆောင်ရွက် လျက်ရှိကြောင်း The Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

Source: The Economic Times

Source: https://commerce.gov.mm

Category: International News