Local News

ကျောက်ဆည်ခရိုင်၌ နေကြာသီးနှံ(မိုးကြို)များ အောင်မြင်ဖြစ်ထွန်းနေ

Last Updated:

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နေကြာသီးနှံ(မိုးကြို)ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၁၁၉၉)ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း  စဉ့်ကိုင်မြို့နယ်တွင် (၁၃၃၅)ဧကနှင့် မြစ်သားမြို့နယ်တွင်(၂၀၁)ဧက၊ စုစုပေါင်း(၁၅၃၆)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရသည်။ နေကြာ(မိုးကြို)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း၊ နေကြာသီးနှံ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၂၇၀၀၀၀-/)ကျပ် ခန့် ကုန်ကျကြောင်း သိရသည်။

       ဈေးနှုန်းများအနေဖြင့်ယခင်နှစ်၌ နေကြာတစ်တင်းလျှင်(၁၈၀၀၀)ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင်(၉၀၀၀)ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင်(၃၄၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာကာ စားသုံးဆီဖူလုံမှုရရှိသည့်အတွက် တောင်သူများ သီးထပ်၊ သီးညှပ်အပြင် သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုနှစ် နေကြာ (မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင် စနစ်ဖြင့်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နေကြာ(မိုးကြို)များ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News