ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၂ လဖြစ်တဲ့ ဧပြီလနဲ့ မေလအတွင်းမှာ နယ်စပ်ကန့်သတ်ချက်များကြောင့် ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်ထက် ပို့ကုန်လျော့ကျလာတယ်လို့ နယ်စပ်ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရပါတယ်။ "၂ လအတွင်း ပို့ကုန်လျော့ကျခဲ့တာဟာ နယ်စပ်ကန့်သတ်ချက်များကြောင့်လည်းပါတယ်။ ဆန်တင်ပို့မှုမှာ ဗဟိုဘဏ် ငွေကြေးလဲလှယ်မှု ကန့်သတ်ချက်တွေကြောင့် ရာနှုန်းပြည့်မလည်ပတ်နိုင်တဲ့
ယခု ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက် မှ မေလ တတိယအပတ် ၁၉ ရက်နေ့အထိ ပင်လယ်ရေကြောင်း၊ နယ်စပ်စတဲ့လမ်းကြောင်း ၂ ခုရဲ့ ပို့ကုန် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁,၅၉၆ ဒသမ ၉၂၃ သန်းရှိခဲ့ပြီး ယခင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူမှာတော့ အမေရိကန်ဒေါ်လာ ၂,၀၃၂ ဒသမ ၁၈၁ သန်း ရရှိခဲ့တဲ့အတွက် အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၄၃၅ ဒသမ ၂၅၈ ဖိုးလျော့ကျ ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။
ပြည်ပ သွင်းကုန်ကဏ္ဍကို ကြည့်ပါက ယခု ဘဏ္ဍာနှစ် ၂၀၂၃-၂၄ ဧပြီလမှ မေလ ၁၉ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂,၄၄၂ ဒသမ ၇၆၅ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ကာလတူမှာတော့ အမေရိကန်ဒေါ်လာ ၂,၀၄၀ ဒသမ ၈၃၅ သန်း ရှိခဲ့တဲ့အတွက် ၄၀၁ ဒသမ ၉၃၀ သန်းအထိ သွင်းကုန် ပိုမိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ပြည်ပပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှု ပမာဏ စုစုပေါင်းဟာ အခုဘဏ္ဍာနှစ် ၂ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၄,၀၃၉ ဒသမ ၆၈၈ သန်းထိရရှိခဲ့ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကာလတူမှာတော့ ၄,၀၇၃ ဒသမ ၀၁၆ သန်းရရှိခဲ့တဲ့အတွက် ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၃၈၂ သန်း လျော့ကျခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်းများပါဝင်
Source: https://t.me/htwettoe