Local News

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

Last Updated:

          မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ရန်ကုန်ပေါ်ဆန်းမှာ အသစ်မဝင်သေးခြင်း ၊ တောင်သူထဲ လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ မြို့တွင်းနှင့် တင်ပို့ရမှု ပုံမှန်ရှိခြင်းတို့ကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၇၀၀၀ ကျပ်သို့လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၁၀၃၀၀၀ ကျပ် မှ ၁၀၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

          မနောသုခဆန်မှာ စားသုံးမှု ပုံမှန်၊ အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် တင်ပို့သော ဆန်ဖြစ်ခြင်း၊ စတင်စိုက်ပျိုးရန်ပြင်ဆင်ချိန်ဖြစ်၍ လက်ကျန်နည်းခြင်းကြောင့် ပင်ရင်းဈေးမြင့်ခြင်းတို့ကြောင့် ဇီယာဆန်တစ်အိတ် ၆၈၀၀၀ ကျပ် မှ ၇၃၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။   ငစိန်ဆန်   တစ်အိတ် ၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source: https://www.foodindustrydirectory.com.mm

 

Category: Local News