Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့အတွင်း ကံပိုင် တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ Aluminium Ingot၊ ဆန်၊ ကြိမ်၊ ပြောင်းနှင့် ဆန်ကွဲ များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၆၁၂၂၁၃.၇၂၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၇၀၉၉၈၀.၈၈၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၉၇၇၆၇.၁၆၀ ကန်ဒေါ်လာ တန်ဖိုး လျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့အတွင်း ချည်ထည်များ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ဓါတုဗေဒချည်ခင်များ၊ စက်နှင့်စက် ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ ကား တာယာ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၈၅၁၇၅၀.၈၇၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏတန်ဖိုး ၁၂၆၇၅၇၄၆၅၀. ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၁၅၈၂၃.၇၈၀ ကန်ဒေါ်လာ တန်ဖိုး လျော့နည်း၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ငွေပမာဏမှာ ၂၃၉၅၃၇.၁၅၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်း များမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၁ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၃.၂၅ ကျပ် ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News