စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဩဂုတ်လ(ပထမပတ်)တွင် ငွေကျပ် (၄၅၀၀-၅၀၀၀)များဖြင့်လည်းကောင်း၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ငွေကျပ် (၈၀၀၀-၈၅၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ(တတိယပတ်) တွင် ငွေကျပ်(၆၀၀၀-၇၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
Source: https://www.doca.gov.mm