Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ (၂၆)ရက်နေ့အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/ တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၂၀၄၈)သန်းနှင့်သွင်းကုန်အမေရိကန်ဒေါ်လာ(-)သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၀.၂၀၄၈)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၀၄)တန်၊ တန်ဖိုး (၀.၀၃၀၄) ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀) နှုန်းဖြင့်(၂)တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း၊ ဆီးဖတ် (၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၁၅) နှုန်း ဖြင့် (၃၈၂)တန်၊ တန်ဖိုး (၀.၀၄၃၉) ဒေါ်လာသန်း၊ ချင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်း ဖြင့် (၁၄)တန်၊ တန်ဖိုး (၀.၀၀၆၃) ဒေါ်လာသန်း၊ ချင်း(ခြောက်) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀) နှုန်းဖြင့်(၄)တန်၊တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၄၈)တန်၊ တန်ဖိုး (၀.၀၁၄၄) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀) နှုန်းဖြင့်(၂၀.၂၅၆)တန်၊ တန်ဖိုး(၀.၀၂၅၃) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၂၆.၆၄)တန်၊ တန်ဖိုး (၀.၀၃၄၁) ဒေါ်လာသန်းငါးမြစ်ချင်း (၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့်(၁၄.၁၆)တန်၊ တန်ဖိုး(၀.၀၁၈၇)ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၁) တန် လျှင်အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၆.၀၄၈)တန်၊ တန်ဖိုး (၀.၀၀၈၅) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၆၇)တန်၊ တန်ဖိုး (၀.၀၁၆၇) ဒေါ်လာသန်းတို့ကိုတင်ပို့ နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် တင်သွင်းနိုင်မှုမရှိကြောင်းသိရှိရပါသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့်(၁)ဒေါ်လာလျှင်(၁၁၇.၁)တာကာနှင့် (၁)တာကာလျှင် (၂၈.၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည်ရန်ကုန်-စစ်တွေကားခမှာကုန်ကျစ်(၁)ပိဿာ(၃၅၀) ကျပ်နှင့်ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခ မှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေကားလမ်းမှာမိုးရာသီလမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများသွားလာနိုင်မှုမရှိဘဲ (၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြားရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိပါသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ(၂၆)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ(၁)တန်လျှင်(၈၉၂၈၅.၇၁)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၇၁၄.၂၉) တာကာ၊ ဓာတ်ဆီ - ၉၅(၁)ဂါလံလျှင်(၄၃၄.၄၆)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၀၅.၈၉)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံ လျှင် (၄၂၂.၁၄)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၂၈.၅၇)တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၂၅၀၀.၀၀) တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထားထုတ် လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာ တင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News