Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂၅-၉ -၂၀၂၃) ရက်နေ့နှင့် (၂၆-၉-၂၀၂၃)ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့်လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း  လာရောက်လျှောက်ထားပါက  ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန် လိုင်စင်လျှောက်ထား/ထုတ်ပေးမှုမရှိဘဲသွင်းကုန်လိုင်စင်(၁၄၂)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါ သည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၂၉) စောင်ဖြစ်ပြီး ကဏန်း၊ ငါးရှဉ့်၊ ငရုတ်သီး၊ ရေခဲငါးရှဉ့်၊ ကွမ်းသီး၊ ပေသီးခြောက်တို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၂၆ ရက်အထိစုစုပေါင်း Form E (၈၅၀)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၂၄ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ကြေးနီ (၀.၁၉၇) ဒေါ်လာသန်း၊ ငါးရှဉ့်(၀.၁၉၅) ဒေါ်လာသန်း၊ ကဏန်း (၀.၁၅၅) ဒေါ်လာသန်း၊ ခဲသွပ်အရောသတ္တု (၀.၁၅၂)ဒေါ်လာသန်း၊ ရေခဲငါးရှဉ့် (၀.၁၅၀)ဒေါ်လာသန်း၊ ပြောင်းဖူးစေ့ (၀.၀၈၄)ဒေါ်လာသန်း၊ ရေခဲငါး (၀.၀၂၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၀၁၇)ဒေါ်လာသန်း၊ ဖရဲသီး (၀.၀၀၅) ဒေါ်လာ သန်း၊ နေလဲစေ့ (၀.၀၀၄) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့်ဒီဇယ်(၀.၁၇၂)ဒေါ်လာသန်း၊ ဘတ္တရီ(၀.၁၃၁)၊ ဓါတ်ဆီ (၀.၁၂၈) ဒေါ်လာသန်း၊ ယာဉ်နှင့်ယာဉ် ယန္တရားများ (၀.၀၆၃) ဒေါ်လာသန်း၊ မီးသီး (၀.၀၅၀) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၀.၀၃၉)ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၀.၀၃၀)၊ အလူမီနီယံချောင်း (၀.၀၃၀)၊ သံချောင်း (၀.၀၂၇)ဒေါ်လာသန်း၊ စတီးပိုက် (၀.၀၂၃)ဒေါ်လာသန်း အများဆုံးတင်သွင်း ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၅၈)စီး၊ သွင်းကုန်ယာဉ်စီး ရေ(၇၆)စီး၊ စုစုပေါင်း(၁၃၄)စီး၊ ပို့ကုန်(၀.၉၉၀)ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၈၉)ဒေါ်လာ သန်းနှင့် ကုန်သွယ်မှုပမာဏ (၂.၁၇၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နေ့မှ ၂၆ ရက်အထိ ပို့ကုန်ယာဉ်စီးရေ (၁၇၇၄) စီး၊ သွင်းကုန်ယာဉ်စီးရေ (၃၀၅၆)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့်ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက် ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ(၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (26-9-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန် ဒေါ်လာ (0.990) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.189) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (2.179) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြေးနီ (၆၉.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၁၉၇)သန်း၊ ငါးရှဉ့်(၆၅.၀၈၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၉၅) သန်း၊ ကဏန်း (၄၀.၉၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၅၅) သန်း၊ ခဲသွပ်အရောသတ္တု (၂၅၉.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၅၂)သန်း၊ ရေခဲငါးရှဉ့်(၈၈.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၅၀) သန်း၊ ပြောင်း (၃၁၂.၀၀၀) တန်၊ တန်ဖိုး(၀.၀၈၄)ဒေါ်လာသန်း၊ ရေခဲငါး (၅.၇၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀)သန်း၊ ကြက်သွန်နီ(၃၄.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၇) သန်း၊ ဖရဲသီး (၄၉.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၅)သန်းနှင့် နေလဲစေ့(၁၀.၄၀၀)တန်၊ တန်ဖိုး(၀.၀၀၄) ဒေါ်လာ သန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၂)သန်း၊ဘတ္ထရီတန်ဖိုးကန်ဒေါ်လာ(၀.၁၃၁) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၈) သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများတန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃) သန်း၊ မီးသီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀)သန်း၊ ကာဗွန်မှုန့်တန်ဖိုးကန်ဒေါ်လာ(၀.၀၃၉)သန်း၊ ပလပ်စတစ်လိပ်တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်း၊ အလူမီနီယံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀)သန်း၊ သံချောင်းတန်ဖိုးကန် ဒေါ်လာ(၀.၀၂၇) သန်းနှင့် စတီးပိုက် တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၃) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (၂၆) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၃၂.၁၃၆)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၅၃.၇၂၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၈၅.၈၆၂) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၇.၈၁၄)ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်းကောင်း မွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါ သည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

(၂၆-၉-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ(၂၈၂၆.၀၅၉)နှုန်း၊ ငါးရှဉ့်(၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀၁.၂၅၂) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၇၉၉.၉၆၇) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၅၈၅.၆၈၈) နှုန်း၊ ရေခဲငါးရှဉ့်(၁)တန်လျှင် ကန်ဒေါ်လာ (၁၇၀၁.၄၆၀)နှုန်း၊ ပြောင်း (၁)တန်လျှင် ကန်ဒေါ်လာ(၂၆၉.၉၈၃) နှုန်း၊ ရေခဲငါး (၁)တန်လျှင် ကန်ဒေါ်လာ (၃၅၀၄.၀၁၄)နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင်ကန်ဒေါ်လာ (၄၉၀.၇၉၁) နှုန်း၊ ဖရဲသီး (၁) တန်လျှင် ကန်ဒေါ်လာ (၁၀၂.၇၉၁) နှုန်း၊ နေလဲစေ့ (၁) တန်လျှင် ကန်ဒေါ်လာ (၄၂၈.၉၈၀)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News