Local News

မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုအဓိကတင်ပို့လျက်ရှိသည်။ ၁-၁၀-၂၀၂၃ မှ ၃၁-၁၀-၂၀၂၃ အထိ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ကွမ်းသီး (၂၀.၂) တန်၊ ဒညင်းသီး (၅၅) တန်၊ ထန်းလျက် (၁) တန်၊ နနွင်းတက် (၄) တန်၊ ဂျင်း(အစို) (၂၇၆.၅) တန်၊ သရက်သီး (၃) တန်၊ သီဟိုစေ့ (၃) တန်၊ ငါးမြစ်ချင်း (၇၃.၀၆) တန်၊ ငါးစုံလေးခြောက် (၅၀.၅) တန်၊ ငါးနီတူခြောက် (၂၁) တန်၊ ငါးခေါင်းပွ (၃၆.၁၄) တန်၊ ဆီးယိုထုပ် (၆၄.၅) တန်၊ ထွန်းရွှေဝါလိမ်းဆေး (၁) တန်၊ သနပ်ခါးခဲ (၂၁.၄)တန်၊ မုန့်ဖတ် ခြောက် (၁၂.၄) တန်၊ အမျိုးသမီးဝတ်အင်္ကျီ (၀.၇) တန်နှင့် လူကြီးစီးဖိနပ် (၁,၀၀၀) စုံ တင်ပို့နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ (၁၁:၀၀) နာရီအချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာ လျှင် (၂,၈၂၀) ကျပ်၊ (၁၁၉) တာကာ၊ ၁၀၀ ကျပ်လျှင် (၄) တာကာ၊ (၁) တာကာလျှင် (၂၇.၁၀) ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။  

Source: https://commerce.gov.mm

Category: Local News