International News

မြန်မာသကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူလို

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဝယ်လိုအားဖြည့်တင်းရန်  မြန်မာနိုင်ငံမှ သကြားတင်သွင်းခြင်းကို ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် မစ်ရှင်က အကြံပြုထားသည်။ ဘင်္ဂလားဒေ့ရှ် မစ်ရှင်သည်  မြန်မာသကြား ဝယ်ယူရန်အတွက် လိုအပ်သောအဆင့်များ လုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို မကြာသေးမီက တောင်းဆိုခဲ့သည်။ အိမ်နီးချင်း မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သကြားအစားထိုး တင်သွင်းသည့်အရင်းအမြစ်ဖြစ်လာမည်ဟု  ၎င်းက ယုံကြည်သည်။

မြန်မာနိုင်ငံသည် နှစ်စဉ်သကြားပမာဏ အနည်းငယ်သာ ထွက်ရှိသည်။ သို့သော် ပြည်တွင်းဝယ်လိုအား ဖြည့်တင်းပြီးသည့်အခါ သကြား ပိုလျှံသည်။ ပိုလျှံသည့် သကြားကို ဗီယက်နမ်နို်ငငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံ တင်ပို့သည်။ သြဂုတ်လ ၈ ရက်က ဘင်္ဂလားဒေ့ရှ် မစ်ရှင်နှင့် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း Myanmar Sugar and Cane Related Products Association  (MSCA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အစိုးရချင်း government-to-government  (G2G)၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်း government-to-government (G2B) နှင့် စီးပွားရေးလုပ်ငန်းအချင်းချင်းbusiness-to-business (B2B) အရောင်းအဝယ်များအပါအဝင် ဖြစ်နိုင်ချေရှိသော သွင်းကုန်သဘောတူညီချက်များကို ဆွေးနွေးခဲ့သည်။

MSCA သည် မြန်မာနိုင်ငံမှ တင်ပို့နိုင်သော သကြားလက်ကျန်များရှိနေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သကြားတင်ပို့ရန် စိတ်ဝင်စားမှုရှိသည်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်း Trading Corporation of Bangladesh(TCB) နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးလိုသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သကြားတင်ပို့ခြင်းသည် ပိုကောင်းမွန်လိမ့်မည်ဟု အသင်းကယူဆသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ သကြားများကို အဓိက တင်သွင်းသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိအချိန်မှာ သကြားဈေးက လက်လီဈေးကွက်မှာ မြင့်မားနေသည်။ အစိုးရ သတ်မှတ်ဈေးထက်ပိုပေးပြီး ဝယ်ယူကြရသည်။ TCB ၏ အဆိုအရ သကြားလက်လီဈေးနှုန်းသည် တကီလိုလျှင် တာကာ ၁၂၈-၁၃၅ ရှိသည်။ နှစ်စဉ် ပြည်တွင်း သန့်စင်ပြီး သကြား လိုအပ်ချက်အတွက် နှစ်စဉ်သကြားကုန်ကြမ်း တန်ချိန် ၂.၀-၂.၂ သန်း တင်သွင်းနေသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် သကြားတန်ချိန် ၀.၁၅ သန်း လိုအပ်သည်။      ရမ်ဇာန်လမြတ် ဘာသာရေးကာလတိုင်းတွင် သကြားဝယ်လိုအား တန်ချိန် ၀.၃ သန်း ရှိသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News