Local News

၂၈.၈.၂၀၂၃ မှ ၁.၉.၂၀၂၃ ရက်နေ့အထိဈေးကွက်သုံးသပ်ချက်

Last Updated:

မတ်ပဲ 

စျေးပြန်ကျသွားတဲ့ မတ်ပဲက ခုတစ်ပတ်မှာ စျေးတက်လာပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာကြောင့် စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပအဝယ်လိုက် နေတာကြောင့် စျေးကအမြင့်တန်းမှာပဲရှိနေတာဖြစ်တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၅၁၅၀၀၀ စျေးပေါက်ပြီး အရင်ပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈ သောင်းနီးပါးဈေးမြင့်တက်လာပါတယ်

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ စျေးပေါက်လို့  အရင်ပတ်ကထက် ၈၀၀၀  ကျပ်ပြန်တက်လာတယ်လို့သိရပါတယ်။ နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၀၇၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ခုတစ်ပတ်မှာ စျေးပြန်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေဆီကသိရပါတယ်။ ပဲစင်းငုံနီပြည်ပက အဝယ်လိုက်လာလို့ စျေးတန်းက ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ စျေးကွက်အရသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ  ပဲစင်းငုံနီ တစ်တန်ကို ၃၈၇၅၀၀၀ ကျပ်အထိ စျေးတက်လာလို့ အရင် တစ်ပတ်ကထက် ၄ သိန်းနီးပါးဈေးမြင့်တက်လာပါတယ်။ မန္တလေးစျေးကွက်မှာလည်း   ပဲစင်းငုံနီ စျေးက  တစ်အိတ်ကို ၃၆၀၀၀၀ ကျပ် စျေးပေါက်ပြီး  အရင်တစ်ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးပြန်တက်လာ တာတွေ့ရပါတယ်။

ကုလားပဲ

ကုလားပဲဈေးကတော့ ဈေးကွက်အတွင်း ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ပစ္စည်းရှားပါးနေသည့်အပြင် ငွေကြေးဈေးတည်ငြိမ်မှုမရှိတဲ့အတွက်  ဈေးကမြင့်တက်နေတာ  ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ဈေးတွ မြင့်တက်နေပေမယ့် အ‌ရောင်းအဝယ်အနည်းသာရှိတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက  တစ်ပိဿာကို ၄၅၈၀ မှ ၄၆၇၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၆၆၅ မှ ၄၇၅၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ 

ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၈၀၀ မှ ၆၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ကုလားပဲ၉၂၉)က တစ်အိတ်ကို ၂၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တစ်အိတ်ကို ၂၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်အသီးသီး ဈေးမြင့်တက်လာသည်။

ပဲလွန်း

ပဲလွန်းကတော့ ဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ အနီက ဈေးငြိမ်သွားပြီး ပဲလွန်းပြာနှင့် ပဲလွန်းဖြူကတော့ ဈေးထပ်ပြီးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂၄၁၅ မှ ၂၇၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၃၀၈၀ မှ ၃၅၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးဖြင့် ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြေပဲလုံးဆံ

ဈေးဆက်တိုက်မြင့်တက်ခဲ့တဲ့ မြေပဲလုံးဆံကတော့ ဈေးကွက်အတွင်း အဝင်များနေပြီး ဈေးချဝယ်ယူမှုတွေကြောင့် ဈေးကပြန်ကျဆင်းသွားပါတယ်။ လက်ရှိမှာတော့ ပြည်ပဝယ်ယူမှုတွေလည်း မရှိဘူးလို့ သိရပါတယ်။ မြေပဲလုံးဆံက ပြီးခဲ့တဲ့နှစ်က ဈေးကောင်းရရှိခဲ့ပြီး လက်ရှိမှာလည်း ဈေးအမြင့်ဆုံး ပဲဖြစ်ပြီး ဆီစက်တွေကဝယ်ယူမှုများတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၉၂၀၀ မှ ၉၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀လောက်ဈေးကျဆင်းသွားပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ မြေပဲဆံနီက တစ်ပိဿာကို ၈၅၀၀ မှ ၈၇၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၆၅၀၀ မှ ၆၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နှမ်း

နှမ်းမျိုးစုံဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို နှမ်းအသစ်တွေ အဝင်ရှိနေပြီး ပြည်ပကနေ အဝယ်အေးသွားတဲ့အပြင် အရည်အသွေးပိုင်းအားနည်းတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်တယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။ မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃ တင်းအိတ်ကို ၄၀၀၀၀၀ ကနေ ၄၁၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အရင်ပတ်နဲ့ယှဉ်ရင် ၁၅၀၀၀ ကျပ်၊ နှမ်းဖြူ ဂျပန်ကလည်း ၄၁၂၀၀၀ ကနေ ၄၃၀၀၀၀ကျပ် စျေးပေါက်ပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အလားတူ နှမ်းညိုကလည်း ၃၁၈၀၀၀ ကျပ်စျေးပေါက်ကာ ၇၀၀၀ ကျပ် စျေးပြန်ကျပြီး နှမ်းနက်စမုံကတော့ ၃၀၀၀၀၀ သိန်းမှ ၃၇၅၀၀၀ ကျပ်စျေးပေါက်လို အရင်တစ်ပတ်ကထက် ၆၀၀၀၀ လောက်စျေးပြန်ကျသွားတာတွေ့ရပါတယ်။

Source: https://t.me/htwettoe

Category: Local News