Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃  ရက်မှ  ၂၉  ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၆၉၄၄၇၇.၂၆၀ ကန်ဒေါ်လာ တင်ပို့မှု ရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၈၀၄၂၂၁.၁၇၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်းနှင့် လောင်စာတောင့်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၄၃၃၁၄၄.၄၂၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၂၆၁၃၃၂.၈၄၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံး အခြားပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လျှပ်စစ် ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ဓာတုဗေဒချည်ခင်များ၊ သံပိုက်၊ စက်ဘီး၊ ကားတာယာနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ် ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၉၆၁၇၇.၂၅၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၀၈၀၄၃.၉၂၀ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၄၁ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၃.၂၅  ကျပ် ရှိကြောင်းသိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News