Local News

မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာဈေးထဲရှိ ကွမ်းသီး၊ ကွမ်းရွက်ဈေးကွက်အခြေအနေ

Last Updated:

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာဈေးကွက်တွင် ကွမ်းရွက်များကို ကျောက်ဆည်၊ ရေဝန်း၊ တံတားဦးမြို့များမှ ဝင်ရောက်လျက်ရှိပြီး ကွမ်းသီးများကို မော်လမြိုင်၊ မြိတ်၊ ထားဝယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ မိတ္ထီလာမြို့ ဈေးကြီးထဲရှိ ကွမ်းသီး၊ ကွမ်းရွက်အရောင်းဆိုင်များတွင် ကွမ်းရွက်နု (ယာကွမ်း) များကို တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ကွမ်းရွက်ကြီး တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကွမ်းသီးရှယ် တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ကွမ်းသီးရိုးရိုး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် စသည်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News