Local News

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Last Updated:

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ်အတက်ဘက်သို့ ဦးတည်လျက်ရှိပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၈၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၇၀၀) အိတ်ခန့် စုစုပေါင်း (၅၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၅) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်တွင် မော်လမြိုင်သို့ (၄၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ် ပုံမှန်စီးထွက်ခဲ့သည်။

သထုံခရိုင်အတွင်းသို့ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၅၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခုဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၁၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၆၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၂၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

သထုံခရိုင်အတွင်း၌ ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၆၀၀၀၀၀)ကျပ် ခန့်၊ ပေါ်ဆန်းဝါ (၃၄၅၀၀၀၀) ကျပ်ခန့်၊ ကမာကြည် (၂၄၀၀၀၀၀) ကျပ်ခန့်၊ ဧည့်မထ (၂၄၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၅၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၁၂၅၀၀၀) ကျပ်ခန့်၊ ကမာကြည် (၁၀၈၀၀၀) ကျပ်ခန့်၊ ဧည့်မထ (၈၅၅၀၀) ကျပ်ခန့်ရှိပြီး  စပါး၊ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News