Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းနှင့် ပဲဈေးနှုန်းများ

Last Updated:

မော်လမြိုင်မြို့တွင် မတ်လပထမပတ်အတွင်း ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး ဆန်အသစ်တစ်တင်းလျှင် အမြင့်ဆုံးဈေးမှာ (၁၂၅၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ (၁၂၂၀၀၀)ကျပ်၊ ပေါ်ကျွဲဆန် အသစ်တစ်တင်းလျှင် အမြင့်ဆုံးဈေးမှာ(၁၁၀၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ (၁၀၇၀၀၀)ကျပ်၊ ဧည့်မထဆန်အသစ် တစ်တင်းလျှင် အမြင့်ဆုံးဈေး မှာ(၈၃၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ(၇၉၀၀၀)ကျပ်နှင့် ပဲတီစိမ်းတစ်တင်းလျှင်(၆၃၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၉၃၅၀၀)ကျပ်၊ မြေပဲအသစ်တစ်တင်းလျှင်(၁၆၄၀၀၀)ကျပ်တို့ဖြစ်ပြီး ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ပဲဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး  

 

Category: Local News