မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၀၅၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၂၇၀၀၀၀ နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကျပ် ၃၇၇၂၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၁၁၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၀၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ် ၇၇၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၉၅၀၀၊ မြှားနီ ကျပ် ၈၃၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၈၀၀၀(၁၆၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၆၀၀ ( ၂၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၀၅၀၀ (၂၁၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၂၀၀ (၁၈၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၅၀၀ (၅၀၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၄၀၀(၆၀၀၀ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၁၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၅၀၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၂၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ဈေးများ ငြိမ်လျက် ရှိကြောင်းသိရသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(၁ ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၈၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၈၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၁၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၅၀၀ နှင့် ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀ ဈေးကျဆင်းခဲပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိ သည်။
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၃၀၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၉၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၇၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၆၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၆၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၂၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၂၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၃၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၉ စီး(၇၇၄၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈၁ စီး (၁၀၈၆၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၅၂ စီး ( ၃၁၂၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၈၀၀၊ အောင်ပန်းထူး-၂ ကျပ် ၁၆၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၇၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၇၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၂၀၀ (၁၅၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၃၄၀၀ (၁၀၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၈၀၀ ( ၅၄၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး