Local News

မြန်မာစီးပွားရေးလုပ်ငန်းရှင်များ သွားရောက် လေ့လာသင့်သည့် ပြခန်း (၁၂၀) ကျော် ပါဝင်မည့် UMFCCI MSME Fair 2023

Last Updated:

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ UMFCCI MSME Fair 2023 ကို လာမည့် မေလ ၇ ရက် ( တနင်္ဂနွေနေ့ ) နှင့် မေလ ၈ ရက်နေ့  ( တနင်္လာနေ့ ) တို့တွင် ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များနှင့် အသိပညာပေး ဆွေးနွေးပွဲများလည်း ပါဝင်မည် ဖြစ်သည်။

      ကုန်သည်စက်မှုအသင်းချုပ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်…

  • အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းနှင့် ဖန်တီးပေးခြင်း
  • ဈေးကွက်ရှာဖွေပေးခြင်း
  • ဘဏ္ဍာရေးလိုအပ်ချက်များ အဖြေရှာပေးခြင်း
  • နည်းပညာအခက်အခဲများ ကူညီဖြေရှင်းပေးခြင်း
  • နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်းတို့ဖြင့် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အကြောင်းအရာများအား ထောက်ပံ့ပေးလိုခြင်း ဖြစ်ကြောင်း သိရသည်။

     ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း (၁၂၀) ကျော်ဖြင့် ဖွင့်လှစ်ပြသ သွားမည် ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်အခွင့်အလမ်းများကို လက်တွေ့ ရရှိစေနိုင်ရန် လည်း ရည်ရွယ်ထားသည်ဟုဆိုသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲနှင့် အသိပညာပေး ဆွေးနွေးပွဲများကို…

မေလ (၇) ရက်နေ့တွင်

  • Unleashing The Opportunities For Growth
  • Stand Alone Knowledge Sharing Talk
  • Enhancing Growth Through Technology

မေလ (၈) ရက်နေ့တွင်

  • Stand Alone Talk
  • Breaking The Barriers စသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သော ပညာရှင်များမှ ဆွေးနွေးပေးသွားမည် ဖြစ်သည်။

ထို့ပြင် MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများ ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုတ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ် မူတည်၍ MSME Outstanding Award ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် MSME အနှစ်သာရ ပေါ်လွင်စေမည့် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များလည်း ပါဝင်မည်ဟု သတင်းရရှိပါသည်။
source: https://www.industrialdirectory.com.mm/

Category: Local News