Local News

မြန်မာနိုင်ငံမှ မန်ကျည်းသီးအစို တန် (၅၀၀) လစဉ်ဝယ်ယူလိုကြောင်း ယူအေအီး ကုမ္ပဏီကမ်းလှမ်

Last Updated:

          မြန်မာနိုင်ငံမှ ထွက်သည့် မန်ကျည်းသီးအစို တန် ၅၀၀ ကို လစဉ် ဝယ်ယူတင်သွင်းလိုကြောင်း ယူအေအီးနိုင်ငံမှ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Hermab Group ကုမ္ပဏီသည် မြန်မာနိုင်ငံမှ မန်ကျည်းသီးအစို (Fresh Tamarind) တန် (500) ကို လစဉ်တင်သွင်းလိုကြောင်း ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

       ယင်းကဲ့သို့ ကမ်းလှမ်းလာသည့်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီအမည်စာရင်း၊ လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ အီးမေးလ်လိပ်စာတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ဘုရင့်နောင်ကုန်စည်ဒိုင်) ထံသို့ ပြီးခဲ့သည့် မေလ (၃၁) ရက်တွင် စာအမှတ် ၊ စဥ - ၁၇/ပြည်တွင်း/၂၀၂၃(၁၃၀၄) ဖြင့် တောင်းခံထားကြောင်း သိရသည်။

       သို့ဖြစ်၍ ယူအေအီးနိုင်ငံသို့ မန်ကျည်းသီး(Fresh Tama rind) တင်ပို့လိုသည့် ကုမ္ပဏီများအနေဖြင့် မိမိကုမ္ပဏီ၏ အချက်အလက်များအား (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပြုစု၍ပေးပို့ရန် အကြောင်းကြားထားကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်သည့် မန်ကျည်းသီးများကို ထိုင်း၊ တရုတ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များမှတဆင့် သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပြည်ပသို့တင်ပို့နေသည့် မန်ကျည်းသီး (အစေ့ပါ) (၁) တန်လျှင် အရေအသွေးအလိုက် ကန်ဒေါ်လာ (၄၀၀)မှ (၆၀၀) ကြားရှိနေကြောင်း သိရသည်။

Source: Popular News Journal 

Category: Local News