International News

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၌ သကြားပြောင်းခူးဆွတ်သည့်ရာသီ

Last Updated:

          အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် အညိုရောင် ပြောင်းဖူးမွှေးများ၊ နို့ရောင်အဆန်များဖြင့် သကြားပြောင်းများကို ခူးဆွတ်ရန် အသင့်ရှိနေပြီဖြစ်သည်။ ဒေသခံတောင်သူများသည် ရိုးရာဈေး၌ ရောင်းချခြင်းမပြုမီ ပြောင်းဖူးများခူးဆွတ်ရိတ်သိမ်းရန်အတွက် ပခုံးအမြင့်ခန့်ရှိသော ပြောင်းခင်းများကြားတွင် ဥဒဟိုသွားလာရင်း အလုပ်များလျက်ရှိသည်။

          ပြောင်းဖူးသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ လူအများစားသုံးသော အဓိက သီးနှံများထဲမှ တစ်ခုဖြစ်သည်။ အရှေ့ဂျာဗားပြည်နယ်သည် အင်ဒိုနီးရှားနိုင်ငံတွင် ပြောင်းဖူးထွက်ရှိမှု အများဆုံးဒေသဖြစ်ပြီး တစ်နိုင်ငံလုံး ပြောင်းထွက်ရှိမှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ 

Source: https://xinhuamyanmar.com

Category: International News