Local News

မြစ်သားကြက်သွန်နီ မျိုးစေ့များဈေးကောင်းရနေ

Last Updated:

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီ အများဆုံး စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည့် လွန်ကျော် ၊ ပေတော၊ စမြှောင် စသည့်ကျေးရွာတို့တွင် ကြက်သွန် ပျိုးပင်များ ပျိုးထောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

     ဝါဆိုလဆန်းခန့်တွင် ကြက်သွန်နီမျိုးစေ့များကို ပျိုးထောင်လေ့ရှိကြပြီး ပျိုးပင်ပေါက် (၄၅) ရက်သား တစ်လခွဲပြည့်လျင် အပင်ပေါက်လေးများကို ပျိုးခင်းမှနှုတ်ယူ၍ တော်သလင်းလ၌ စိုက်ခင်း တွင် စတင်စိုက်ပျိုးကြသည်။

     ရွှေဖလားမျိူးစေ့ ကြက်သွန်နီ  မျိုးစေ့တစ်ပြည် လက်ရှိပေါက်ဈေး မှာ တစ်သိန်းခွဲကျပ်နှုန်းဖြင့် ရောင်းဝယ်နေကြကြောင်း သိရသည်။

     ကြက်သွန်နီ သီးနှံတစ်ရာသီတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ထွက် ကြက်သွန်နီ သည် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်သို့ အစောဆုံးဝင်ရောက်လေ့ရှိကာ နှစ်စဉ်ဈေးကောင်း ရရှိလေ့ရှိကြောင်းသိရသည်။

မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News