Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၉-၅-၂၀၂၃ မှ ၂-၆-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၃၁၅၀၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၅၅၈၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၂၈၇၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၁၉၀၀၀ ၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၁၆၀၀၀ နှင့် Red/RC (2022 Crop) ကျပ် ၁၅၀၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၂၅ လုံး ( တန်ချိန် ၆၀၀) နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၀ လုံး ( တန်ချိန် ၂၄၀ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၅၅ လုံး ( တန်ချိန် ၁၃၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) ပိုမိုဝင်ရောက်ခဲ့ပြီး ကျန်ပဲနှစ်မျိုးအဝင်မရှိကြောင်းသိရသည်။

ငရုတ်

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၁၅၀၀၊ မိုးထောင်( ဒီမွန်) ကျပ် ၁၆၀၀၀၊ အိမ်မဲ ကျပ် ၁၁၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၅၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၀၀၀၊ မြှားနီ ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး မိုးထောင်( ဒီမွန်) ကျပ် ၁၀၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်ငရုတ်များ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၄၇၀၀ ( ၉၄၀၀၀ ပိဿာ ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၂၀၀ ( ၁၈၀၀၀ ပိဿာ )  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၄၀၀၀( ၈၀၀၀၀ ပိဿာ ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀( ၄၅၀၀ ပိဿာ ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည် အိတ်ပေါင်း ၇၀၀( ၁၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၉၀၀( ၁၃၅၀၀ ပိဿာ ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။

မန်ကျည်း

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၈၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၃၀၀၊ ပခုက္ကူကြမ်းကျပ် ၂၈၅၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၄၀၀၊ ကြံသကာ(စစ်) ကျပ် ၂၈၅၀ နှင့် သကြား( ပြည်တွင်း)ကျပ် ၃၃၂၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ရေစကြိုထန်းလျက်(ချော) ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ ကြောင်းသိရသည်။

SSMaw (Domestic (Ygn) MITC)

Category: Local News