Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန် သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်၍ ၊ CPပြောင်းဖူးစေ့၊ ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး၊ ပဲတီစိမ်း သေး ၊ ပဲစဉ်းငုံ၊ ပဲနီလုံးကြား၊ ပဲကြီး၊ မတ်ပဲ၊ ၊929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများ မြင့်တက်သွားသည်။ မေလကုန်တွင် သီးနှံများ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၂၀၀၀)ကျပ်၊ မတ်ပဲ (၇၄၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၆၀၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင်  (၉၁၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်လကုန်တွင် ကာလတူပေါက် ဈေးနှုန်း များမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၈၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၂၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၄၅၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၈၇၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဂျုံဖြူသန့် ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၈၀၀၀) ကျပ်နှုန်းကျဆင်းသွားပြီး၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၄၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၄၀၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၁၅၀၀၀)ကျပ်နှင့် ပဲနီ လုံးကြား တစ်တင်းလျှင် (၅၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

     ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၄၅၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၈၄၅၀၀) ကျပ်၊ 929  (၈၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၂၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၇၂၀၀၀)ကျပ်၊ 929  (၇၁၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်လကုန် ကာလတူပေါက်ဈေး နှုန်းနှင့် နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၁၀၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၁၂၅၀၀) ကျပ်နှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၂၀၀၀)ကျပ်ဈေးနှုန်းများ မြင့်တက်သွား ကြောင်း သိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်လ ကုန်ကာလ တူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိ၍ ယခင်လကုန် နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News