Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက် သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ ဈေးနှုန်း အနည်းငယ် ကျဆင်းနေပြီး မြေပဲလုံးဆံနီ ၊နှမ်းဖြူ ၊ နှမ်းနက်၊ နှမ်းညို ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုလကုန်တွင် နှမ်းညို တစ်တင်း လျှင် (၉၅၀၀၀-၉၂၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူပေါက် ဈေးနှုန်းမှာ  နှမ်းညို တစ်တင်း လျှင် (၈၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၈၅၀၀၀) ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၁၀၀၀၀)ကျပ်နှင့် နှမ်းနက် တစ်တင်းလျှင် (၇၀၀၀)ကျပ်ဈေးနှုန်းများ မြင့်တက်သွား ကြောင်း သိရသည်။

          ယခုလကုန်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံး ဆံနီ တစ်ပိဿာ (၈၁၀၀-၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၀၀၀-၆၈၀၀) ကျပ်ရှိပြီး ယခင် လကုန် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၅၀-၇၁၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၂၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ (၉၅၀)ကျပ် မြင့်တက် သွားပြီး၊ မြေပဲလုံးဆံဖြူ ဈေးနှုန်း အနည်ငယ်ကျဆင်းသွားကြောင်းသိရသည်။ ယခုလကုန် ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၂၅၀၀ကျပ် ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News