Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     ဇွန်လ ပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများထဲမှ  ဂျုံဖြူသန့်နှင့် CPပြောင်းဖူးစေ့ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး ပဲနီလုံး ရိုးရိုး၊ ပဲနီလုံးကြား၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး ပဲကြီး၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929ဈေးနှုန်းများ မြင့်တက်သွားသည်။ ဇွန်လ ပထမပတ်တွင် သီးနှံများ တစ်တင်း ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၁၀၀၀)ကျပ်၊ မတ်ပဲ (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၆၁၀၀၀-၄၇၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင်  (၉၂၀၀၀) ကျပ်ပေါက်ဈေးရှိ သည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင်  (၉၀၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၆၀၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၄၆၀၀၀-၄၇၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၄၇၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၁၅၀၀-၉၁၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်း လျှင် (၅၀၀)ကျပ် ဈေးအနည်းငယ် ကျဆင်းနေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၅၀၀)ကျပ် ၊မတ်ပဲ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ပဲနီလုံးကြား တစ်တင်းလျှင် (၂၅၀၀)ကျပ်မြင့်တက်နေကြောင်းသိရသည်။

     ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၈၇၀၀၀) ကျပ်၊ 929  (၈၄၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၁၀၀၀)ကျပ်၊ 929  (၈၀၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၀၀၀)ကျပ်ဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၆၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၀၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ ဈေးအနည်းငယ် ကျဆင်းနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News