International News

တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အန္တရာယ်မဟုတ်ဘဲ အခွင့်အလမ်းများ ဆောင်ကြဉ်းပေးလျက်ရှိ

Last Updated:

          တရုတ်နိုင်ငံသည် ဧရာမဈေးကွက်နှင့် အောင်မြင်သောစီးပွားရေးကို ပိုင်ဆိုင်ထားသည့်အလျောက် ကမ္ဘာကြီးအား အန္တရာယ်မဟုတ်ဘဲ အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ခရိုအေးရှား နိုင်ငံရေးလေ့လာဆန်းစစ်သူ မလာဒန်ပလေ့စ် (Mladen Plese) က ဇူလိုင် ၁ ရက် တွေ့ဆုံမေးမြန်းခြင်း၌ ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက လူဦးရေအများဆုံးနိုင်ငံဖြစ်ရုံသာမက အောင်မြင်တဲ့စီးပွားရေးနိုင်ငံလည်းဖြစ်တယ်” ဟု ပလေ့စ်က ပြောခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တင်ပို့သူနှင့် ဒုတိယအကြီးဆုံး တင်သွင်းသူလည်းဖြစ်သည်။

    စီးပွားရေးပွင့်လင်းလာခြင်းက တရုတ်နိုင်ငံအား ပိုမိုကောင်းမွန်၍ ခိုင်မာသော တိုးတက်မှုအတွက် အထောက်အကူပြုခဲ့သလို တရုတ်နိုင်ငံကလည်း နိုင်ငံခြားကုမ္ပဏီတွေကို အကျိုး ဖြစ်ထွန်းစေရန် များပြားလှသော အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း ပလေ့စ်က ဆိုသည်။ ထို့ပြင် ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုကလည်း တရုတ်နိုင်ငံပေါ်၌ ကြီးမားစွာမူတည်နေသည်ဟု ဆိုသည်။ “တရုတ်စီးပွားရေးစတင် နာလန်ထူပြီဆိုရင် ကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြုသဘောသက်ရောက်မှုတွေရှိလာတယ်။ ဒါပေမဲ့ နည်းနည်းလောက် နှေးကွေးသွားပြီဆိုရင်တော့ အားလုံးကစိုးရိမ်နေကြပြီပဲ” ဟု ၎င်းက ပြောခဲ့သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည်ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ သုံးပုံတစ်ပုံရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

Source: https://xinhuamyanmar.com

Category: International News