Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက် နေ့မှ (၂၉)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန်ဒေါ်လာ(၀.၂၂၆၃)သန်းနှင့်သွင်းကုန်တင်သွင်းမှုမရှိသောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၂၆၃)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၇၄)တန်၊ တန်ဖိုး (၀.၀၃၇၄) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၄၃၂)တန်၊ တန်ဖိုး (၀.၀၄၉၇) ဒေါ်လာသန်း၊ ချင်းအစို (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၁၄)တန်၊ တန်ဖိုး (၀.၀၀၆၃) ဒေါ်လာသန်း၊ ချင်းခြောက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင်အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၆၄)တန်၊ တန်ဖိုး (၀.၀၁၉၂) ဒေါ်လာသန်း၊နနွင်းတက် (၁)တန်လျှင်အမေရိကန်ဒေါ်လာ(၁၂၀၀)နှုန်းဖြင့်(၂)တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း၊ငါးမြစ် ချင်း (၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၂၀.၂၅၆)တန်၊ တန်ဖိုး (၀.၀၂၅၃) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၂၆.၆၄)တန်၊ တန်ဖိုး (၀.၀၃၄၁) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်း ဖြင့်(၁၄.၁၆)တန်၊ တန်ဖိုး (၀.၀၁၈၇) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၆.၀၄၈)တန်၊ တန်ဖိုး (၀.၀၀၈၅) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန် လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၆၇)တန်၊ တန်ဖိုး (၀.၀၁၆၈) ဒေါ်လာသန်းတို့ကိုတင်ပို့ နိုင်ခဲ့ပြီး၊ သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့်(၁)ဒေါ်လာလျှင်(၁၁၇)တာကာနှင့်(၁)တာကာလျှင် (၂၇.၉၀) ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁) ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ်သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိ ကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေ များသွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News