Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၂၇ ) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၆၈၃) သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၉၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၇၇၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ  စက်တင်ဘာလ (၂၇) ရက်နေ့မှ အောက်တိုဘာလ(၁) ရက်နေ့အထိအဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၄၇.၆) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၅၇၃)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁)သန်း၊ ဂျင်းခရု (အရှင်)(၁၁.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ဂဏန်း(အသေ) (၁၀.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂၉)သန်း၊ ရေခူဆားနယ်(၂၈.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၄၈)သန်း၊ ကျောက်ပုဇွန် (အရှင်)(၀.၆၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၄)သန်း၊ ငှက်ပျောသီး (၃၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၅)သန်း၊ ငရုတ်သီးစိမ်း (၁.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄)သန်း တင်ပို့နိုင်ခဲ့ပြီး  အဓိက တင်သွင်းခဲ့သောကုန်ပစ္စည်းများမှာ သစ်သီး (၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂) သန်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးမှန်(၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄)သန်း၊  ပလတ်စတစ်ခွက် (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၄)သန်း၊ ကြွေပြား(၁၆၀၀)M2၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၃) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန်ဈေးနှုန်း ငါးမျိုးစုံ (၁၀၆၅.၇၂) ဒေါ်လာနှုန်း၊ (၁၄၇.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၇၃) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄၀၀၀) ဒေါ်လာနှုန်း၊ (၀.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၄.၄၂) ဒေါ်လာနှုန်း၊ (၁၁.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်း၊ ဂဏန်း (အသေ) (၁၀၈၄.၀၃) ဒေါ်လာနှုန်း၊ (၁၀.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၉) သန်း၊ ရေခူဆားနယ် (၁၈၉၆.၁၉) ဒေါ်လာနှုန်း၊ (၂၈.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၄၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၆၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၄) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၃၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၀၅)သန်း၊ ငရုတ်သီးစိမ်း (၇၇၇.၇၈) ဒေါ်လာနှုန်း၊(၁.၈) တန်၊ ကန်ဒေါ်လာ (၀.၀၀၁၄)သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်း သစ်သီး (၂၈၅.၇၁) ဒေါ်လာနှုန်း၊ (၇) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂) သန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးမှန် (၂၈၀) ဒေါ်လာနှုန်း၊   (၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၄) သန်း၊ ပလတ်စတစ်ခွက် (၄၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၄) သန်း၊ ကြွေပြား (1 M2) လျှင် (၀.၃၃၁၂၅) ဒေါ်လာနှုန်း၊ (၁၆၀၀၀) M2 ၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၃) သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင်မြိတ်-တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ပို့ကုန်၊သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံ ငွေပေးချေမှုအနေဖြင့်ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၈၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၂.၆၀) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News