Local News

မြန်မာနိုင်ငံက ထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်များကို ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံသို့ အများဆုံး တင်ပို့နေ

Last Updated:

မြန်မာနိုင်ငံကထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်များကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အာဆီယံဈေးကွက်များကို အများဆုံး တင်ပို့ရောင်းချနေတယ်လို့ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက သိရှိရပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံက ထုတ်လုပ်သည့်စားသောက်ကုန်များထဲက ဂျုံခေါက်ဆွဲကို အာဆီယံနိုင်ငံများသို့ တင်ပို့ရောင်းချနေရပြီး ဟင်းသီးဟင်းရွက်ခြောက်၊ နှမ်းလှော်မှုန့်၊ ပျားရည် စသည့်စားသောက်ကုန်များကို ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံဈေးကွက်များသို့ တင်ပို့နေကြောင်း သိရှိရပါသည်။
သရက်သီး၊ ဒူးရင်းသီး၊ ကော်ဖီ၊ ထောပတ်သီးတို့က ထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်များကိုလည်း ဘယ်လာရုစ်အပါအဝင် ပြည်ပနိုင်ငံဈေးကွက်တစ်ချို့ကို ချိတ်ဆက်တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း  မြန်မာ နိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌမှ ပြောကြားပါကြောင်း သိရှိရပါသည်။
ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချနိုင်ရင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်စွမ်းအား ပိုမိုရရှိလာနိုင်သလို စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး ပြည်ပကိုလည်း ပို့ကုန်များ ပိုမိုတင်ပို့လာနိုင်မည်ဖြစ်သည်။ 
စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ထုပ်ပိုးမှုများက ကောင်းလာပေမယ့် ထုပ်ပိုးမှုပစ္စည်းတွေကို ပြည်ပက တင်သွင်းရသည့်အခက်အခဲတစ်ချို့ ရှိနေ‌သေးကြောင်း သိရှိရပါသည်။
Source: https://onenewstvchannel.com

Category: Local News