International News

ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ရေနံပိုက်လိုင်းသည် ခြောက်သွေ့ရာသီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာပြတ်လတ်မှုကို ကူညီမည်

Last Updated:

       ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးပိုက်လိုင်းများမှတစ်ဆင့် ရေနံတင်သွင်းခြင်းဖြင့်နိုင်ငံအတွင်း ရေရရှိမှုနှင့် လောင်စာဆီပြတ်လတ်မှုများ မရှိစေရန်တို့ အပြင် အထူးသဖြင့် ခြောက်သွေ့ရာသီတွင် ဓာတ်အားထုတ်လွှတ်မှုကို သက်ရောက်လာမည့် အတားအဆီးများကို လျှော့ချနိုင်မည်ဖြစ်နိုင်ကြောင်း လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဌာန၏ ပြည်နယ်ဝန်ကြီး Nasrul Hamid က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

   ရေရှိနိုင်မှုကို သေချာစေမည်ဆိုပါက ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပြီး၊ ၎င်းသည် လက်ရှိအစိုးရ၏ ကြီးမားသော အောင်မြင်မှုဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dinajpur's Parbatipur ပြည်နယ်ရှိ ပိုက်လိုင်းလက်ခံရေးဌာနသို့ သွားရောက်လည်ပတ်စဉ် ပြောကြား ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ချစ်ကြည်ရေးပိုက်လိုင်းသည် စွမ်းအင်လုံခြုံမှုရှိစေရန် ထိရောက်စွာ အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါလီမန်အမတ် Nasrul Hamid က ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းဒေသများကို လောင်စာဆီအတွက် ကုန်ကျမှု များစွာမရှိဘဲ မြန်မြန်ဆန်ဆန် ဓာတ်အားပေးနိုင်မည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာလိမ့်မည်လို့လည်း Nasrul Hamid က ထပ်လောင်းပြောကြားခဲ့ပါသည်။

     နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအခြေအနေများမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် စွမ်းအင်ရရှိရေးဖြစ်ပြီး လွန်ခဲ့သည့် ၁၄ နှစ်တာ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina အစိုးရလက်ထက်တွင် ယင်းအခြေအနေများကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါလီမန်အမတ် Nasrul Hamid က ပြောကြားခဲ့ပါသည်။

      အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးပိုက်လိုင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ ခရိုင် ၁၆ ခုသို့ မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာသော လောင်စာဆီ ထောက်ပံ့မှုရရှိစေရန်အတွက် ဖြစ်ပါသည်။ အိန္ဒိယ၏ Numaligarh ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Parbatipur ပြည်နယ်သို့ တိုးချဲ့မည့် ပိုက်လိုင်းသည် မြောက်ပိုင်းဒေသများတွင် တစ်နေ့လျှင် လောင်စာဆီသိုလှောင်မှုပမာဏ ၂၉၀၀၀ တန် တိုးလာစေမည်ဖြစ်သည်။ အဆိုပါ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်အားပေး စက်ရုံများသို့ လောင်စာဆီ အလွယ်တကူ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး မြောက်ပိုင်းဒေသ ၁၆ ခရိုင်သို့ လောင်စာဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

       အဆိုပါဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဌာနခွဲမှ အတွင်းဝန် Dr Md Khairuzzaman၊ ရေနံကော်ပိုရေးရှင်း (BPC) ၏ ဥက္ကဋ္ဌ ABM Azad နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကော်ပိုရေးရှင်း (Petrobangla) ၏ ဥက္ကဋ္ဌ Zanendra Nath Sarker တို့ တက်ရောက်ခဲ့ ကြပါသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇယ်ဆီ သယ်ယူပို့ဆောင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ရေနံပိုက်လိုင်းကို မတ် ၁၈ ရက်တွင် ပူးတွဲဖွင့်လှစ်ခဲ့ပါသည်။ ဝန်ကြီးချုပ်နှစ်ဦးသည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ရေနံပိုက်လိုင်းအခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရေနံကော်ပိုရေးရှင်း (BPC) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် အိန္ဒိယချေးငွေလိုင်း (LoC) မှ ထုတ်ယူသော ရူပီး ၃.၄၆ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ထားသော ကီလိုမီတာ ၁၃၀ ရှည်လျားသည့် ပိုက်လိုင်းမှတစ်ဆင့် ဒီဇယ်ဆီတင်ပို့မည် ဖြစ်ပါသည်။ အဆိုပါပိုက်လိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ၁၂၅ ကီလိုမီတာနှင့် အိန္ဒိယနိုင်ငံအတွင်း ၅ ကီလိုမီတာ ရှည်လျားပါသည်။

Source: https://www.commerce.gov.mm

Category: International News