Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇွန်လ (၃၀) ရက်ထိ ကုန်သွယ်မှုအခြေအနေနှင့် ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၇.၃၀၀) ဒေါ်လာသန်းဖြစ်သည်။ ဇွန်လ (၃၀)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၅၉၆) ဒေါ်လာသန်း၊ သွင်းကုန် (၂.၁၅၄) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၇.၇၅၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၅%) ဆောင်ရွက်ပြီးဖြစ်သည်။

     ဇွန်လ (၃၀) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောနှင့်Iron Concentrate (Fe-64.512%/ Fe-60.751%)တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့သည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၆၀၀) တန်၊ တန်ဖိုး (၆၈၃၇၇၀၅) ဒေါ်လာနှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၀၂/၈၃) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၉၆၉) တန်၊ တန်ဖိုး (၂၇၄၆၃၃) ဒေါ်လာ တင်ပို့နိုင်ခဲ့သည်။

   အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀)ဒေါ်လာဖြင့်တန်ချိန်(၁၅၈၀)တန်၊ တန်ဖိုး (၅၅၈၂၉၄)ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀)ဒေါ်လာဖြင့် တန်ချိန် (၃၅၈)တန်၊ တန်ဖိုး(၂၃၂၅၉၉)ဒေါ်လာ၊ Plastic Resin ဈေးနှုန်းတစ်တန်လျှင် (၁၀၀၀)ဒေါ်လာဖြင့် တန်ချိန် (၁၉၂)တန်၊ တန်ဖိုး(၁၉၁၇၀၉)ဒေါ်လာ၊ Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀)ဒေါ်လာဖြင့် တန်ချိန်(၂၆၆)တန်၊ တန်ဖိုး (၁၇၅၇၇၂)ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀)ဒေါ်လာဖြင့် တန်ချိန်(၁၈၈)တန်၊ တန်ဖိုး (၁၂၂၃၅၄)ဒေါ်လာ၊ Brand New Car Tyre (Size : 14.00 R 25) ဈေးနှုန်း (၁ လုံး) လျှင် (၁၂၅) ဒေါ်လာဖြင့် (၄၇၀) လုံး၊ တန်ဖိုး (၅၈၇၅၀) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2) လျှင် (၃.၈) ဒေါ်လာဖြင့် (၁၄၅၅၀)M2၊ တန်ဖိုး(၅၅၂၉၀)ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်းနိုင်လျက်ရှိသည်။

     ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News