Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

       မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၇-၆-၂၀၂၃)ရက်နေ့မှ(၃၀-၆-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီး၊ နနွင်း၊ ဇီယာစေ့၊ သစ်ကြပိုးခေါက်၊ ကြာဝတ်ဆံ(အခြောက်)၊ ရှားစောင်းပင်၊ နွယ်ချို၊ မန်ကျည်းသီး(အစေ့ပါ)၊ ရေထွက်ကုန်များဖြစ်သည့် ကဏန်းအရှင်၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးသလောက်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ငါးမြစ်ချင်းစီဖေါင်းခြောက်၊ ငါးဓားလွယ်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။

       အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ ကြာဝတ်ဆံ(အခြောက်)၊မန်ကျည်းသီး(အစေ့ပါ)၊သစ်ကြပိုးခေါက်၊နနွင်း၊ ဇီယာစေ့၊ ကွမ်းသီး၊ရေထွက်ကုန်ပစ္စည်း၊ခဲသတ္တုနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းဝယ်လိုအားမြှင့်တက်နေ၍ယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီ ထုပ်နှင့်ငရုတ်များကိုအမြန်တင်ပို့နိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

     သွင်းကုန်ပစ္စည်းများအနေဖြင့်တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ ကုန်ပစ္စည်းသယ်သည့်ယာဉ်ငယ်၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material၊အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်း၊ တိရိစ္ဆာန်အရှင် (ဘဲသားပေါက်)၊ ငါးဖမ်းပစ္စည်း၊ အားကစားပစ္စည်း၊ လယ်ထွန်စက်အပိုပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊LPG(ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့တင်သွင်းခဲ့သည်။

          (၂၇-၆-၂၀၂၃မှ၃၀-၆-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ Garment ၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီး၊ ယန္တရားစက်ပစ္စည်း၊လယ်ထွန်စက်အပိုပစ္စည်း၊ ကုန်ပစ္စည်းသယ်သည့်ယာဉ်ငယ်၊စက်ဆီ/ချောဆီ၊LPG(ဓာတ်ငွေ့ရည်)နှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင်(87.72)ကျပ်ရှိပြီးယခုအပတ်တွင်လည်း(88.21)ကျပ်ထိရှိလာ၍ ဘတ်စျေးအနည်းငယ်တက်လာပါကြောင်းနှင့် ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။

          (၂၄-၆-၂၀၂၃မှ၃၀-၆-၂၀၂၃) ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(303.016)ဒေါ်လာဖြင့် (30212.927)တန်(9.155)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (1)ကီလိုလျှင် (74) ဒေါ်လာဖြင့် (45)တန်(3.340)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (507.785)ဒေါ်လာဖြင့် (1425.800)တန်(0.724)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (1505.556) ဒေါ်လာဖြင့် (180)တန်(0.271)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (200.806)ဒေါ်လာဖြင့် (1464.100)တန်(0.294)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (1500.000)ဒေါ်လာဖြင့် (30)တန်(0.045)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင် (873.647)ဒေါ်လာဖြင့် (460.140)တန် (0.402)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)(၁)တန်လျှင် (674.285)ဒေါ်လာဖြင့် (28.178)တန်(0.019)ဒေါ်လာသန်း၊ကဏန်း (၁)တန်လျှင်(5051.802)ဒေါ်လာဖြင့် (11.679)တန်(0.059)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင် (1099.882)ဒေါ်လာဖြင့် (48.187)တန် (0.053)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

   (၂၄-၆-၂၀၂၃မှ၃၀-၆-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(3.676)ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (1.080) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (0.924)ဒေါ်လာသန်း၊ အခြားစက္ကူများ(0.765)ဒေါ်လာသန်း၊ ချည်ထည်များ (0.694) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (0.694)ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (0.660) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (0.587) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (0.519)ဒေါ်လာသန်းနှင့်သံနှင့်သံမဏိပစ္စည်းများ(0.481)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိပါသည်။

       ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ၂၉-၆-၂၀၂၃ ရက်နေ့ နံနက် (၀၅း၀၀) နာရီခန့်အချိန်တွင် ရန်ကုန်- မော်လမြိုင်- မြဝတီ၊ ရန်ကုန်- မော်လမြိုင်- ထားဝယ်စသည့် ကုန်သွယ်ရေးအရ အရေးပါသည့် သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိပ်တံတား(ဘီးလင်းတံတား)အား မိုင်းခွဲဖျက်ဆီးခံခဲ့ရသော်လည်း အိမ်စီးမော်တော်ယာဉ်များအပြင် ကုန်တင်ကားကြီးများ အတက်တစ်လှည့်၊ အဆင်းတစ်လှည့် တစ်စီးချင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရှိရပါသည်။

     မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (ဧပြီလ(၁)ရက်နေ့မှဇွန်လ(30)ရက်နေ့ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(144.244)ကန်ဒေါ်လာသန်း၊ သွင်းကုန်(323.146) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(467.390)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင်ပို့ကုန်(၇၂၃.၆၆၄)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၃၂၁.၀၆၉)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၀၄၄.၇၃၃)ကန်ဒေါ်လာသန်းဆောင်ရွက်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ပို့ကုန်(579.420)ကန်ဒေါ်လာသန်း၊ သွင်းကုန်(997.923)ကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(1577.343)ကန်ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News