Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ (၃၀-၆-၂၀၂၃)ရက်နေ့တွင် ပို့ကုန်သွင်းကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၄-၆-၂၀၂၃ မှ ၃၀-၆-၂၀၃) ရက်နေ့ထိပို့ကုန်အပိုင်းတွင် ယခင်အပတ်ထက်ပုဇွန်ဖွဲ (၁၆၉)တန်၊ တန်ဖိုး (၀.၀၈၁) ဒေါ်လာသန်းနှင့် ကတ္ထူစက္ကူအဟောင်း(၁၄)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း တင်ပို့မှုပိုမိုခဲ့သော်လည်း ပြောင်း(၁၈၇၅)တန်၊ တန်ဖိုး(၀.၅၇၀)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၆၆)တန်၊ တန်ဖိုး(၀.၀၉၁)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇)တန်၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊ ခဲနှင့်သွပ် (၂၇၆)တန်၊ တန်ဖိုး(၀.၀၉၅)ဒေါ်လာသန်း လျော့နည်းတင်ပို့ခဲ့သောကြောင့် ပို့ကုန်တန်ဖိုး လျော့နည်းရခြင်းဖြစ်ပါသည်။ယခုအပတ် ပို့ကုန်ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၁၁)ဒေါ်လာ၊ ကြက်သွန်ဖြူ တစ်တန်လျှင် (၁၄၃၀)ဒေါ်လာ၊ လက်ဖက်ခြောက် တစ်တန်လျှင် (၅၄၀)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၃)ဒေါ်လာရှိကြောင်း သိရှိရပါသည်။ တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ(နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်လျက်ရှိပါသည်။  ငွေလဲနှုန်းအနေဖြင့် ကျပ်တစ်သိန်းလျှင် ဘတ်(၁၁၇၀)ဖြစ်သည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိရာ အများဆုံးသွင်းကုန်ပစ္စည်းများမှာဘိလပ်မြေ၊ သံမဏိချောင်း၊ သံချောင်း၊ ဒီဇယ်၊ ဓါတ်ဆီ၊ ကော်ပိုက်၊ မီးခံအုတ်၊ ကွန်ကရစ်အမိုးပြားစသည်တို့ဖြစ်ပါသည်။ ယခုအပတ် သွင်းကုန်ပိုင်းတွင် ယခင်အပတ်ထက် ဘိလပ်မြေ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြားနှင့်မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်းစက်နှင့်စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊သုတ်ဆေး၊ ပေါလစ်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သောကြောင့် သွင်းကုန်တန်ဖိုး လျော့နည်းရခြင်းဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News